Friday, July 1, 2011

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးများပြောင်းလဲတာဝန်ပေးအပ်ခြင်း (အမိန့်အမှတ်၃၈ /၂ဝ၁၁)(၁-၇-၂၀၁၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၃၈/၂ဝ၁၁)
၁၃၇၃ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်
(၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန် ပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င) နှင့် (စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့အရ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး များအား ယှဉ်တွဲပါဝန်ကြီးဌာနများတွင် ပြောင်းလဲတာဝန် ပေးအပ်လိုက်သည် -

(က)
ဗိုလ်မှူးကြီးမောင်မောင်ဝင်း
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန
( ခ )
ဦးဝင်းကိုကို
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
( ဂ )
ဦးတင်စိုး
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန
(ဃ)
ဦးစိုးမြင့်
သစ်တောနှင့်သတ္တုဝန်ကြီးဌာန
( င )
ဦးလှခိုင်
စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန
( စ )
ဦးသန်းထွန်း
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန
(ဆ)
ဦးစောမြသိန်း
လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန
( ဇ )
  ဦးကျော်ဝင်းနိုင်
စည်ပင်သာယာရေး ဝန်ကြီးဌာန
( စျ )
ဦးစန်းမောင်
လူမှုရေးဝန်ကြီးဌာန


                                                                                           (ပုံ) သိန်းစိန်               
                                                                                                 နိုင်ငံတော်သမ္မတ            
                                                                                                         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်