Thursday, February 14, 2013

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း (အမိန့်အမှတ်၊ ၉/၂၀၁၃)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၉/၂၀၁၃)
၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၄ ရက်
(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်)
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်စိုးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၃ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ပါ ပြဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသဖြင့် တိုင်းဒေသကြီး ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။



(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ်၊ ၁၀/၂၀၁၃)


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၀/၂၀၁၃)
၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၄ ရက်
(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်)
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ပုဒ်မခွဲ(က)တို့ပါ ပြဌာန်း ချက်များအရ ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့် မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောမူ အား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။




(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်