Friday, April 25, 2014

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် အဖြစ်သတ်မှတ်ခြင်း (အမိန့်အမှတ်၊ ၈/၂၀၁၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၈/၂၀၁၄)
၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်၁၁ ရက်
(၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် အဖြစ်သတ်မှတ်ခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် (စ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)တို့အရ နိုင်ငံတော် သမ္မတရုံးက ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၁)နှင့် အမိန့်အမှတ်(၂၆/၂၀၁၁) တို့ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ် တာဝန်ပေးခဲ့ပါသည်။
၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မခွဲငယ်(၂)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၂) နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်သည်။
(ပုံ) သိန်းစိန်                        
နိုင်ငံတော်သမ္မတ                    
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်