Tuesday, October 16, 2012

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ် (အမိန့်အမှတ်၊ ၃၇/၂၀၁၂)


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၇/၂၀၁၂)
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
(၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)တို့အရ အောက်ဖော်ပြပါ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးများအား ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ပြောင်းလဲ တာဝန်ပေးအပ် လိုက်သည်-

(၁)
ဦးစန်းမောင် 
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန

(၂)      
ဦးတင်စိုး 
လူမှုရေးဝန်ကြီးဌာန


(ပုံ) သိန်းစိန်                
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Friday, August 17, 2012

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး(အမိန့်အမှတ် ၁၈/၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၁၈/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၊ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၀ တို့အရ  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က သဘောတူညီသည့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးသန်းထွန်းအား ဧရာဝတီတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

 (ပုံ) သိန်းစိန်                                                                                                                                   နိုင်ငံတော်သမ္မတ            
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ခန့်အပ်တာဝန်ပေး(အမိန့်အမှတ် ၁၉/၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၁၉/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၊ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ) နှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၀ တို့အရ  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က သဘောတူညီသည့် ဦးဝင်းမြင့်အား ဧရာဝတီတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

                                                                                                                                                         (ပုံ) သိန်းစိန်                 
                                                                                                                                                       နိုင်ငံတော်သမ္မတ           
                                                                                                                                        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်