ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၁၉/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၊ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ) နှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၀ တို့အရ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က သဘောတူညီသည့် ဦးဝင်းမြင့်အား ဧရာဝတီတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment