Tuesday, September 1, 2015

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေး အမိန့်အမှတ် ၂၀/၂၀၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၂၀/၂၀၁၅
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက်
(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက် များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အောက်ဖော်ပြပါ အရာရှိကြီးများကို ယှဉ်တွဲပါ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် -
(၁) 
ဗိုလ်မှူးကြီးနိုင်ဦး 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
(၂) 
ဗိုလ်မှူးကြီးကျော်စွာလှိုင်          
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

 (ပုံ) သိန်းစိန်                                                     
နိုင်ငံတော်သမ္မတ                                                 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

No comments:

Post a Comment